မန္တလေး ၂၅   မတ်


ယုံကြည်ရာ အသိပညာပြန့်ပွားရေး အသင်း၏ စီစဉ်မှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈)နှစ် မြန်မာ့ဒီမိုကရေစီ ဖက်ဒရယ်ခရီး စကားဆွေးနွေးပွဲကို မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၇၈ လမ်း ၃၇x၃၈ ကြားရှိ ဟိုတယ်မန္တလေးတွင် ကျင်းပသည်။


အဆိုပါ ဆွေးနွေးပွဲတွင် အခမ်းနားမှူးများအဖြစ် ကိုချစ်ဝင်းမောင်နှင့် မမြင့်ပွင့်သဇင်တို့က ဆောင်ရွက်သည်။ အခမ်းနားတွင် CYKY'S Program Director ကိုအောင်သိန်းမြင့်က အဖွင့်အမှာစကား ပြောကြားသည်။ Moderator အဖြစ် ဒေါက်တာ တေဇာစန်းက ဆောင်ရွက်သည်။ ထို့နောက် စကားဆွေးနွေးမည့် Panelists များနှင့် Moderator များ နေရာယူပြီး Moderator က စကားဆွေးနွေးမည့်သူများဖြစ်သည့် ဆရာမုံရွာ အောင်ရှင်၊ ဆရာကျော်ဝင်း၊ ဆရာဦးသိန်းဦး၊ ဆရာမ ဒေါက်တာညိုညိုသင်းနှင့် မိတ်ဆက်ပေးသည်။


ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈)နှစ် မြန်မာ့ဒီမိုကရေစီ ဖက်ဒရယ်ခရီး စကား ဆွေးနွေးပွဲ စတင်ရာ ဆရာမုံရွာ အောင်ရှင်(ဗဟိုကော်မတီဝင် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ဆရာဦးကျော်ဝင်း(စာရေးဆရာ)၊ ဆရာဦးသိန်းဦး (ပြည်ထောင်စုတရားလွှတ်တော်ရှေ့နေ)၊ ဆရာမ ဒေါက်တာညိုညိုသင်း(Founder School of Law, Gender & Politics) တို့က စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသည်။


ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားကြောင်း သိရှိရသည်။


ခင်ခင်ဝင်း(ပညာရေး)