၂ မတ်
ဖိလစ်ပိုင်နိုင်ငံ ဆန်ဟွမ်မြို့ရှိ Greenhills ကုန်တိုက်တွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သေနတ်သမားမှ ဓားစာခံများကို ကုန်တိုက်အတွင်းတွင် ဖမ်းဆီးထားခဲ့သည်။
Greenhills ကုန်တိုက်တွင် အလုပ်လုပ်ခဲ့ဖူးသည့် မကျေနပ်သည့် လုံခြုံရေးအစောင့်လုပ်သားတစ်ဉီးက ဓားစာခံများကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ကနဉီးသတင်းများတွင် ၎င်း၏လက်ထဲ၌ သေနတ်များနှင့် လက်ပစ်ဗုံးများပါရှိကြောင်း ဆန်ဟွမ်မြို့တော်ဝန် ဖရန်ဆစ်ဇာမိုရာက အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
ကျွန်တော်တို့က ၎င်းနှင့်ညှိနှိုင်းနေဆဲဖြစ်ကြောင်း ၎င်းဖမ်းဆီးထားသည့် လူများမှာ ၃၀ ဉီးခန့် ရှိကြောင်း ဇာမိုရီက ထပ်လောင်းပြောကြားခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် လူတစ်ဉီးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် Cardinal Santos Medical Center သို့ ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။
၎င်းက ကုန်တိုက်ကြီးကြပ်ရေးကို ဉီးတည်ပြီး အာဏာသိမ်းရန် ကြိုးစားနေခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ပါဝင်ရန် အခြားအစောင့်များကို စည်းရုံးသိမ်းသွင်းမှုမျိုးပြုလုပ်ခဲ့ကြောင်း ဇာမိုရီက ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်


