၂ ဒီဇင်ဘာ

ဖိလစ်ပိုင်နိုင်ငံဆီကို ဦးတည်လာတဲ့ အင်အားပြင်း တိုင်ဖုန်းကာမူရီကြောင့် သောင်းချီတဲ့ လူတွေဟာ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။ တိုင်ဖုန်းကာမူရီဟာ နိုင်ငံရဲ့အရှေ့ပိုင်းကို ဒီကနေ့ညပိုင်း သို့မဟုတ် မနက်ဖြန်နံနက်အစောပိုင်းကို ဝင်ရောက်တိုက်ခိုက်မယ်။ လေတိုက်နှုန်းက တစ်နာရီကို ၁၁၅ မိုင်နှုန်းလောက် ဖြစ်မယ်လို့ မိုးလေဝသခန့်မှန်းချက်တွေအရ သိရပါတယ်။ 

 

ေ

 

မုန်တိုင်းက နိုင်ငံအရှေ့ပိုင်းကနေ စတင်တိုက်ခတ်လာပြီး မြို့တော် မနီလာ အနီးမှာ အားပျော့သွားမယ်လို့ သိရပါတယ်။ မနီလာမြို့တော်ဟာ လူ ၁၃ သန်းနေထိုင်ပြီး ဆီးဂိမ်းအာကစားပွဲရဲ့ ပွဲစဉ်အများအပြား လက်ခံရာ နေရာလည်း ဖြစ်ပါတယ်။ 

တိုင်ဖုန်းမုန်တိုင်း စတင်တိုက်ခတ်မယ်လို့ ယူဆရတဲ့ ဘိုင်ကိုးဒေသရှိ လူပေါင်း ၇၀,ဝ၀ဝ ဟာ သူတို့နေအိမ်တွေ ကို စွန့်ခွာပြီး ယာယီစခန်းတွေဆီကို ရွှေ့ပြောင်းပြီးဖြစ်ပါတယ်။ 

 

ေ

 

နိုင်ငံရဲ့အရှေ့ပိုင်းနဲ့ ကမ်းရိုးတန်းဒေသမှာ တိုင်ဖုန်းနဲ့အတူ မိုးရွာနိုင်တာကြောင့် ရေအမြင့်ပေ ၁၀ ပေအထိ မြင့်တက်သွားနိုင်ကြောင်း မိုးလေဝသဇလဗေဒဌာနက သတိပေးထားပါတယ်။ 

မနီလာမြို့နဲ့ ပတ်ဝန်းကျင်မှာကျင်းပနေတဲ့ ဆီးဂိမ်းပွဲစဉ်တွေဟာ  ပြီးခဲ့တဲ့စနေနေ့က ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ 

 

ေ

 

အားကစားပွဲတော်ကျင်းပရေးကော်မတီကနေ အားကစားပွဲစဉ်တွေ ဖျက်သိမ်းနိုင်တာမျိုး သို့မဟုတ် အချိန်ပြောင်းတာမျိုး လုပ်နိုင်ပေမယ့် အားကစားပွဲတော်ရက်ကိုတော့ တိုးပြီးကျင်းပမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ 

MDN
ကိုးကား- AFP