မနီလာ ဩဂုတ် ၃၀
ဖိလစ်ပိုင်နိုင်ငံ၌ ယခုသီတင်းပတ်အတွင်း အလွန်ကူးစက်မြန်သည့် လက်၊ ခြေထောက်နှင့် ပါးစပ် ရောဂါ (HFMD) ကူးစက်မှုပေါင်း ၂၅၂၅ ဦးရှိခဲ့ပြီး ဇန်နဝါရီလမှ ဩဂုတ် ၁၆ ရက်အထိ ကူးစက်ခံ ရသူ ၃၉၈၉၃ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဩဂုတ် ၃၀ ရက်တွင် ထုတ်ပြန်သည်။
ကူးစက်မှုအားလုံး၏ ၅၀ ရာခိုင်နှုန်းခန့်မှာ အသက်တစ်နှစ်မှ သုံးနှစ်အရွယ်ကလေးငယ်များ ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ လက်၊ ခြေထောက်နှင့် ပါးစပ်ရောဂါကူးစက်မှု မြင့်လာမှု ကြောင့် ကျန်းမာရေးဝန်ကြီး ဌာနက ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ များအား ကူးစက်မြန်သည့် ဗိုင်းရပ်စ်ရောဂါကို သတိထား စောင့်ကြည့် ထိန်းချုပ်သွားရန် တိုက်တွန်းထားသည်။
HFMD သည် ပုံမှန်အားဖြင့် နို့စို့အရွယ်နှင့် ကလေးငယ်များကို ကူးစက်လေ့ရှိပြီး ဖျားခြင်း၊ ပါးစပ် အနာများဖြစ်ကာ နာကျင်ခြင်းနှင့် လက်၊ ခြေထောက်နှင့် တင်ပါးဆုံ တို့တွင် အရည်ကြည်ဖုများထွက် ခြင်းစသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်စေသည်။ အဆိုပါရောဂါသည် ကူးစက်ခံထားရသူ၏ တံတွေး၊ သလိပ်၊ အရည်ကြည်ဖုရှိ အရည်များ သို့မဟုတ် မစင်နှင့် နီးကပ်စွာ ထိတွေ့မှုများမှတစ်ဆင့် ကူးစက်ပျံ့နှံ့တတ်ကြောင်း ထုတ် ပြန်ထားသည်။
ဆင်ဟွာ


