ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်မှုဖြစ်ပွား၊ သေဆုံးသူ ရှစ်ဦးအထိရှိလာ

မနီလာ   နိုဝင်ဘာ  ၁၉

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက လှုပ်ခဲ့သည့်  ပြင်းအား  ၆  ဒသမ ၈     အဆင့်ရှိ  ငလျင်ကြောင့် သေဆုံးသူ  ရှစ်ဦးအထိ တိုးလာခဲ့ကြောင်း ဖိလစ်ပိုင် သဘာဝဘေးအန္တရာယ် အေဂျင်စီက နိုဝင်ဘာ  ၁၉ ရက်တွင် ပြောကြားသည်။

အမျိုးသားသဘာဝဘေး အန္တရာယ်လျှော့ချရေးနှင့်     စီမံခန့်ခွဲရေးကောင်စီက  အသေအပျောက်      အရေအတွက်ကို အတည်ပြုရန် ပြည်နယ်တာဝန်ရှိသူများက   စာရင်းကောက်ယူမှုများ   ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း   ထည့်သွင်းပြောကြားသည်။

ငလျင်ကြောင့် သေဆုံးသူ ရှစ်ဦးအနက်  ဒဗာအို     အော့စီ ဒန်တယ်ပြည်နယ်မှ တစ်ဦး၊ ကိုတာဘာတို    တောင်ပိုင်းပြည်နယ်မှ   သုံးဦးနှင့်   ဆာရန်ဂါနီ ပြည်နယ်မှ  လေးဦးဖြစ်ကြောင်း အေဂျင်စီက   ပြောကြားသည်။  ငလျင်ကြောင့် လူပေါင်း ၁၅၀၀  ကျော်    ထိခိုက်ခဲ့ပြီး  စာသင်ကျောင်းများ၊    အစိုးရ ဌာနများ၊ လမ်းတံတားများနှင့်  ပုဂ္ဂလိကအဆောက်အအုံများ   အပါအဝင် အိမ်ခြေ ၅၀ ခန့်နှင့် အဆောက်အအုံ ၇၀ ကျော် ပျက်စီးခဲ့သည်။  ပျက်စီးသွားသော လမ်းအချို့မှာ ဖြတ်သန်းသွားလာမှု       မပြုနိုင်သေးကြောင်း  အေဂျင်စီက ဆက်လက်ပြောကြားသည်။

အဆိုပါငလျင်သည်  နိုဝင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် ညနေ ၄  နာရီ   ၁၄  မိနစ်က  ဒဗာအို အော့စီဒန်တယ်ပြည်နယ် ဆာရန် ဂါနီမြို့၏ အနောက်မြောက်ဘက် ၃၄    ကီလိုမီတာခန့်အကွာ ကမ်းလွန်ပင်လယ်ပြင်အနက် ၇၂ ကီလိုမီတာကို ဗဟိုပြုလှုပ်ခဲ့ခြင်းဖြစ်သည်။             

ဆင်ဟွာ