၁၃ မတ်
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို ကာကွယ်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံတွင် တင်းကြပ်သည့် အစီအမံများ ချမှတ်ပြီး ပြည်တွင်းခရီးစဉ်များအားလုံးကို မတ်လ ၁၅ ရက်နေ့မှစတင်ပြီး တစ်လအထိ ပိတ်ပင်ထားမည်ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံတစ်ခုလုံးတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၅၂ ဦးအထိ ကူးစက်ခံထားရကြောင်း အတည်ပြုပြောကြားခဲ့နောက် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကြာသပတေးနေ့ ညနေမှ စတင်ပြီး ခရီးသွားလာခွင့် ပိတ်ပင်မည့် အစီအစဉ်ကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကြေညာခဲ့ခြင်းဖြစ်သည်။
ကျောင်းများကို ပိတ်ပစ်ခြင်းနှင့် လူစုလူဝေးပွဲများ မပြုလုပ်ရန်လည်း ၄င်းက အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များအပေါ် အခြေခံ၍ ပြောကြားသည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မနီလာနိုင်ငံသည် အရှေ့တောင်အာရှ၏ လူဦးရေ အထူထပ်ဆုံး မြို့တစ်မြို့လည်းဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် လူဉီးရေ ၁၃ သန်းခန့် နေထိုင်လျက်ရှိသည်။
သမ္မတ ဒူတာတေးကိုယ်တိုင်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် ဗိုင်းရပ်စ်စစ်ဆေးမှုကို ယမန်နေ့အတွင်းက ပြုလုပ်ခဲ့သေးသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


