နေပြည်တော်   ၂ ဒီဇင်ဘာ

ယနေ့ နံနက် ၇ နာရီ ၄၂ မိနစ် ၄၅ စက္ကန့်တွင် ဟားခါးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၃၃)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံပြည်တွင်း၊ (ဖလမ်းမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၄)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၁၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၆၆ ဒီဂရီ၊ အနက်(၂၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

MDN