နေပြည်တော် ၁၆ ဧပြီ
ဖလမ်းမြို့နှင့် ကလေးဝမြို့တို့အနီးတွင် အင်အားအနည်းငယ်ရှိ ငလျင်များလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။
ဧပြီ ၁၅ ရက် ည ၉ နာရီ ၂၁ မိနစ်က ဖလမ်းမြို့၏ အရှေ့ဘက် (၁၆)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၂.၈၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၉၂) ဒီဂရီ၊ အနက်(၁၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။
အလားတူ ယင်းနေ့ည ၁၁ နာရီ ၄၈ မိနစ်က ကလေးဝမြို့၏ အနောက်တောင်ဘက် (၁၈)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၃.ဝ၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.ဝ၈) ဒီဂရီ၊ အနက်(၆၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။
MDN


