ဖလမ်း  ၁၈  ဒီဇင်ဘာ       

 

ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက် မြို့နယ်သစ်တောဦးစီးမှူးရုံး (၄၀×၃၂×၃၅)ပေ (၂)ထပ် အဆောက်အဉီတွင် ဒီဇင်ဘာ ၁၈ ရက် နံနက် ဝ၀ နာရီ ၁၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

 

863

 

 

ဖြစ်စဉ်မှာ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ပွားရာမှ ရုံး၏အပေါ်ထပ်မှစ၍ မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ  ဖလမ်းခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစာရုံမန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်၊ အရန်မီးသတ်တပ်ဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ် (၂)စီးတို့ဖြင့် နံနက် ၁ နာရီခန့်တွင် ဝိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် ရုံးအပေါ်ထပ် ပျဉ်ခင်း၊ ပျဉ်ကာ သွပ်မိုး တစ်ခြမ်း၊ အောက်ထပ်ရှိ ပြတင်းပေါက်များနှင့် တံခါးများ မီးလောင်ကျွမ်းခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုအခြေအနေများကို ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါးလ်၊ ပြည်နယ်သစ်တောဦးစီးမှူး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိ သူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်