ကမမောင်း ၂၆  မတ် 
    

ကရင်ပြည်နယ်၊ ဖါပွန်ခရိုင်၊ ကမမောင်းမြို့တွင် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်ရန်ပုံငွေ (ငါးကဏ္ဍ)လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားကို မတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီက အမှတ်(၂)ရပ်ကွက်၊ တောင်တန်းဗဟိုသာသနာပြု ကျောင်းတွင် ကျင်းပသည်။
    


မြစိမ်းရောင်ရန်ပုံငွေ (ငါးကဏ္ဍ) လွှဲပြောင်းပေးအပ်ပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကမမောင်းမြို့ ရပ်ကွက်/ကျေးရွာများမှ မြစိမ်းရောင်ကော်မတီဝင်များ၊ ကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက အသင်းသား ၈၉ ဦးအတွက် ချေးငွေ ၅၁၂ သိန်းကို မြစိမ်းရောင်ကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
    

ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာရန်ပုံငွေ(ငါးကဏ္ဍ)ကို ကမမောင်း၌ ၂၀၁၄-၂၀၁၅ ခုနှစ်မှစတင် ဖွဲ့စည်း၍ ငွေကျပ် သိန်း(၃၀ဝ)ဖြင့် အရင်းမပျောက်မတည်ငွေ ပေးအပ်ခဲ့ရာ အတိုးနှုန်း တစ်ကျပ်ခွဲနှုန်းဖြင့် အတိုးရငွေ ၂၁၂ သိန်းအပါအဝင် အရင်းမပျောက်မတည်ငွေ စုစုပေါင်း ၅၁၂ သိန်းကို လွှဲပြောင်းပေးအပ်နိုင်ခဲ့ကြောင်းနှင့် ကရင်ပြည်နယ်တွင် မြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာ ၁၃ ရွာ ရှိပြီး လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း သတင်းရရှိသည်။    

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)   

 

1