ဖူဆယ်လိဂ်ပြိုင်ပွဲတွင် MIC အသင်း ၁၂ ပွဲဆက်အနိုင်ရ

၂၂ ဇန်နဝါရီ

 

၂၀၁၈-၂၀၁၉ ရာသီ MFF Myanmar ဖူဆယ်လိဂ်ပြိုင်ပွဲ ဒုတိယအကျော့ အဖွင့်ပွဲဖြစ်သည့် ပွဲစဉ် (၁၂) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာ ထိပ်ဆုံးမှ MIC အသင်း ၁၂ ပွဲဆက်အနိုင်ရခဲ့သည်။ 

 

ပွဲစဉ် (၁၂) အဖြစ် VUC အသင်းက AMM အသင်းကို ၂၂ ဂိုး-ဂိုးမရှိ၊ MIC အသင်းက Comrade အသင်းကို ကိုးဂိုး-ဂိုးမရှိ၊ မြို့မအသင်းက White Colour အသင်းကို ရှစ်ဂိုး-တစ်ဂိုး၊ GV Athletic အသင်းက Titan XII အသင်းကို ၁၀ ဂိုး-လေးဂိုး၊ UPT အသင်းက MFF ယူ-၁၉ အသင်းကို လေးဂိုး-သုံးဂိုး၊ ရွှေမြဝတီအသင်းက PU အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

 

ယခုပွဲစဉ်တွင် ဇယားထိပ်ပိုင်းမှ အသင်းများ အမှားအယွင်းမရှိအနိုင်ရခဲ့ပြီး VUC အသင်းမှာလည်း ထိပ်ဆုံးမှ MIC အသင်းကို သုံးမှတ်အကွာဖြင့် ဆက်လက်ဖိအားပေးလျက်ရှိသည်။

 

ပွဲစဉ် (၁၂) အပြီးတွင် MIC အသင်းက ၃၆ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိပြီး VUC အသင်းက ၃၃ မှတ်၊ GV Athletic နှင့် မြို့မအသင်းက ၂၄ မှတ်စီ၊ UPT အသင်းက ၁၈ မှတ်၊ ရွှေမြဝတီအသင်းက ၁၇ မှတ်၊ AMM အသင်းက ၁၅ မှတ်၊ Comrade အသင်းက ၁၄ မှတ်၊ PU အသင်းက ၁၀ မှတ်၊ MFF ယူ-၁၉ အသင်း ကိုးမှတ်၊  Titan XII အသင်းက  ရှစ်မှတ်၊  White Colour အသင်းက လေးမှတ်ရထားသည်။

 

ရဲရင့်ရှိုင်း