၁၀ မတ်

၂၀၁၁ ခုနှစ်က မတော်တဆထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့သည့် ဖူကူရှီးမား ဒိုင်အိချီနျူကလီးယား ဓာတ်အားပေးစက်ရုံ အနီးတစ်ဝိုက်တွင် ရေဒီယိုသတ္တိကြွ ပစ္စည်းပမာဏ ကျဆင်းခဲ့သည်ဟု ဂျပန်နိုင်ငံ နျူကလီးယား ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်း က ဆိုသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလက မှတ်တမ်းထားရှိသော ရေဒီယိုသတ္တိကြွပစ္စည်းပမာဏသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလက မှတ်တမ်းထားရှိသော ရေဒီယိုသတ္တိကြွပစ္စည်း ပမာဏနှင့် နှိုင်းယှဉ်လျှင်  ၇၈ ရာခိုင်နှုန်း ခန့် ကျဆင်းခဲ့သည် ဟု နျူကလီးယားစည်းမျဉ်းဆိုင်ရာ အာဏာပိုင်အဖွဲ့က ဆိုသည်။

 

တာဝန်ရှိသူများက ၂၀၁၁ ခုနှစ် နျူကလီးယားမတော်တဆဖြစ်ပွားပြီးချိန်မှစတင်ကာ ထိုစက်ရုံ၏ ကီလိုမီတာ ၈၀ ပတ်လည်အတွင်း ရေဒီယိုသတ္တိကြွပမာဏကို ရဟတ်ယာဉ်ဖြင့် ပုံမှန်စောင့်ကြည့် လေ့လာခဲ့သည်။

 

အချိန်ကြာလာသည်နှင့်အမျှ ထိုရေဒီယိုသတ္တိကြွ ပစ္စည်းပမာဏ လျော့နည်းသွားသဖြင့် ပမာဏများစွာ ကျဆင်းခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို