ပဲခူး   ဇန်နဝါရီ   ၆

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်း လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမအသင်းသို့ ရောက်ရှိပြီး  သမဝါယမအသင်းသား တောင်သူ ဦးမောင်ဆန်း စိုက်ပျိုးထားသော ဆောင်းမြေပဲ(ဗီယက်နမ်)မျိုး ခုနစ်ဧက စိုက်ပျိုးထားမှုကို  ဖြူးမြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

လူငယ့်အားမာန်အသင်းအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် သမဝါယမကဏ္ဍမှ အသင်းပိုင် စိုက်ပျိုးနိုင်သောမြေ ၅၁၂ ဧကတွင် ဆောင်းသီးနှံများဖြစ်သော မတ်ပဲ ၃၄၂ ဧကနှင့် နွေစပါး ဧက ၁၀၀ တို့ကို  သမဝါယမသင်းအစီအစဉ်ဖြင့်   စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။                                                                   

သတင်းစဉ်