ဖြူး စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ခံခဲ့ရသည့် အိမ်ထောင်စုများအား ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီပေးရေး အစီအစဉ်အရ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီများဖက်ဒရေးရှင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ထောက်ပံ့ငွေကူညီ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဖြူးသာသနာ့ဗိမာန်၌ ကျင်းပသည်။
ထိုသို့ထောက်ပံ့ရာတွင် ဖြူးမြို့နယ်အတွင်း ငလျင်ဒဏ်သင့်ခဲ့သည့် အိမ်ထောင်စု ၆၀ စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် လေးသိန်းနှုန်းဖြင့် အိမ်ထောင်စု တစ်စုချင်းစီအလိုက် လက်ဝယ်အရောက် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


