Phygital Basketball ဗိုလ်လုပွဲ၌ Liga Pro အသင်းက R10 Team USA ကို အနိုင်ယူ

ကာဇန်၊ မတ် ၁

Games of the Future ပွဲတွင် phygital basketball ကစားနည်းကို အဆုံးသတ်ခဲ့သည်။ Games of the Future ၏ phygital basketball ကစားနည်း ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂၉ ရက်က ကာဇန်မြို့ပြပွဲ စင်တာတွင် ကျင်းပပြုလုပ်ခဲ့ရာ Liga Pro အသင်းက R10 Team USA ကို အနိုင်ယူခဲ့ကြောင်း သိရသည်။

ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁.၂၅ သန်းဖြင့် ကျင်းပပြုလုပ်သည့်အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ အားကစားအသင်းပေါင်း ၁၆ သင်း ပါဝင်ကစားခဲ့သည်။

ယင်းပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် ရုရှားနိုင်ငံ၏ Liga Pro Team နှင့် အမေရိကား၏ R10 Team USA တို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ဤကစားပွဲသည် အဆင့်နှစ်ဆင့်စလုံးတွင် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ ဒစ်ဂျစ်တယ် အပိုင်းကို R10 အသင်းက တစ်မှတ်ကွာခြားမှုဖြင့် အသာစီးကစားကာ အဆုံးသတ်ခဲ့သည်။ ရုရှားကစားသမားများသည် LED ကွင်းတွင် ပိုမိုအောင်မြင်လာပြီး ကစားသမား Mikhail Yudov ၏ တိကျသောတာဝေးပစ်ကစားမှုကြောင့် နောက်ဆုံးတွင် ချန်ပီယံဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် သည်။

တတိယနေရာလုပွဲတွင် ရုရှားနိုင်ငံမှ အခြားအသင်းဖြစ်သော Ural Basket အသင်းက တရုတ်အသင်း ဖြစ်သည့် MDMX ကို အနိုင်ယူခဲ့သည်။

ဗိုလ်လုပွဲရမှတ်

R10 Team USA အသင်းနှင့် Liga Pro Team အသင်း– ၃၂:၃၄ (၁၉:၁၈)

တတိယနေရာလုပွဲရမှတ်

Ural Basket အသင်းနှင့် MDMX အသင်း– ၄၀:၂၆ (၁၉:၁၆)