ဖယ်ခုံ   ၁   ဧပြီ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့ ညောင်ကုန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းတွင် ဧပြီလ ၃၁ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က လေပွေတိုက်ခတ်မှုကြောင့် ပင်မသစ်သားကျောင်းဆောင် အမိုးများ လန်ကျပျက်စီးခဲ့ကြောင်း သိရှိရသည်။

 

ေ

 

အဆိုပါလေပွေတိုက်ခတ်မှုကြောင့် အထကကျောင်းဝင်းအတွင်းမှ သက်တမ်း(၆၅)နှစ်ခန့်ရှိ အလျားပေ ၁၈၀၊ အနံ ၂၉ ပေ တစ်ထပ်သစ်သားကျောင်းဆောင်ဖြစ်သော ခရေဆောင်(ပင်မဆောင်)၏ ခေါင်မိုးသွပ်ချပ်ရေ ၂၀ဝ ခန့်နှင့် သစ်သားအမိုးတန်းများ ပြုတ်ကျပျက်စီးခဲ့ပြီး စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ်သိန်း(၂၀)ခန့် ဆုံးရှုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

 

၎င်းအထက(၁)ကျောင်းသို့ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းကော်မတီအဖွဲ့များတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ၎င်းလေပွေတိုက်ခတ် မှုကြောင့် လန်ကျပျက်စီးခဲ့သော သွပ်များနှင့် သစ်များကို ဝိုင်းဝန်းသိမ်းဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ကိုထွေး(ဖယ်ခုံ)

 

ိ