ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီ အနာဂတ်တွင် ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေမည်

၂၁ ဇန်နဝါရီ

 

ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး အမ်ဘတ်ပီဟာ အနာဂတ်ကာလမှာ စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကစားမယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

 

တိုက်စစ်မှူး အမ်ဘတ်ပီဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ အသက် ၁၇ နှစ်အရွယ်နဲ့ မိုနာကိုအသင်းမှာ ပါဝင်ပွဲထွက်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ အောင်မြင်မှုရရှိနေတဲ့အပြင် အနာဂတ်ကာလမှာလည်း ဥရောပချန်ပီယံ ၁၃ ကြိမ်အထိဖြစ်ထားတဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့စီစဉ်နေတာဖြစ်ပါတယ်။

 

တိုက်စစ်မှူး အမ်ဘတ်ပီအနေနဲ့ ၂၀၁၇ ခုနှစ်မှာ မိုနာကိုအသင်းကနေ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ကြေးပေါင် ၁၆၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ပွဲတိုင်းပါဝင်ပွဲထွက်ကစားခွင့် ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းကတော့ တိုက်စစ်မှူး အမ်ဘတ်ပီကို ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။

 

အမ်ဘတ်ပီအနေနဲ့ ပီအက်စ်ဂျီက ဂူအမ်ဂမ့်ကို ကိုးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာဆိုရင် ပီအက်စ်ဂျီအတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

 

ပီအက်စ်ဂျီအသင်းကတော့ ဂူအင်ဂမ့် အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ဒုတိယနေရာက လိုင်လီအသင်းကို ၁၃ မှတ်ထိဖြတ်ထားနိုင်ခဲ့ကာ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ 

 

တိုက်စစ်မှူး အမ်ဘတ်ပီဟာ မိုနာကိုနဲ့အတူ ၄၁ ပွဲမှာ ၁၆ ဂိုးသွင်းယူထားခဲ့ပြီး ပီအက်စ်ဂျီကို ရောက်ရှိလာချိန်မှာတော့ အခုနှစ်မှာ ၁၄ ပွဲမှာ ၁၇ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

 

ငွေကြယ်