ပန်းတနော်  ၂၉  မတ်


စိုက်ပျိုးမြေများ၌ ပိုးသတ်ဆေးများ သုံးစွဲရာတွင် ပိုးသတ်ဆေး စွန့်ပစ်ပစ္စည်း စနစ်တကျ စွန့်ပစ်ရေး ပညာပေးခြင်းကို မတ် ၂၈ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် အတွင်းရှိ ပြောင်းစိုက်တောင်သူများအား  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့နည်းပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


ကွင်းဆင်းဆောင်ရွက်ရာတွင် မအူပင်ခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးအေးနွဲ့ က တောင်သူများအနေဖြင့် ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲခြင်း၊ ပိုးသတ်ဆေးကို မှားယွင်းစွာသုံးစွဲခြင်း၊  ပိုးသတ်ဆေး စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ရာတွင် သဘာဝသယံဇာတများ ထိခိုက်မှု မရှိစေရန် နည်းစနစ်တကျ စွန်ပစ်တက်စေရန် လက်တွေ့ကွင်းဆင်း ပညာပေးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


တောင်သူများ အနေဖြင့် မိမိတို့စိုက်ပျိုးထားသည့် သီးနှံတွေ ပျက်စီးဆုံးရှုံးမှု မရှိဘဲ အကျိုးခံစားခွင့် အပြည့်အဝ ရရှိစေချင်တဲ့အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး တောင်သူများ အနေဖြင့်လည်း မိမိတို့စိုက်ပျိုးထားသော လယ်ယာမြေများ၌ အခက်အခဲများ တွေ့ကြုံလာပါက စိုက်ပျိုးရေးဦးစီးဌာနသို့ လာရောက်၍ အချိန်မရွေး ဆက်သွယ်အကူအညီများ တောင်းခံနိုင်ကြောင်း မြို့နယ် သီးနှံကာကွယ်ရေးတာဝန်ခံ ဦးသိန်းဌေးက ပြောကြားခဲ့သည်။


ပြည့်ဖြိုးကျော် (ပြန်/ဆက်)