အစ္စလာမ္မာဘတ် ဇန်နဝါရီ ၄

ပါကစ္စတန်နိုင်ငံသည် ပြည်တွင်းထုတ် တီမူးအာ(Taimoor) လေကြောင်းပစ်ခရုစ်ဒုံးကျည်ကို ဇန်နဝါရီ ၃ ရက်က စမ်းသပ်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်စစ်ဘက်က ပြောသည်။

အဆိုပါ ဒုံးကျည်စနစ်သည် ကီလိုမီတာ  ၆၀၀ အကွာအဝေးအတွင်းရှိ  မြေပြင်၊  ပင်လယ်ပြင်ပစ်မှတ်များကို အလွန်တိကျစွာ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ပါကစ္စတန်စစ်ဘက် ပြန်ကြား ရေးဌာနက ပြောသည်။ ခေတ်မီဆန်းသစ်သော လမ်းကြောင်းရှာဖွေရေးနှင့် လမ်းညွှန်ထိန်းချုပ်မှုစနစ် တပ်ဆင်ထားသော တီမူးအာ ခရုစ်ဒုံးကျည်သည် အလွန်နိမ့်သော အမြင့်ပေများတွင်  ပျံသန်းနိုင်ရန်  ဒီဇိုင်းထုတ်ထားသောကြောင့်  ရန်သူ့လေကြောင်းရန် ကာကွယ်ရေးစနစ်နှင့်    ဒုံးကျည် ကာကွယ်ရေးစနစ်များကို ထိရောက်စွာ ရှောင်ကွင်းနိုင်မည်ဖြစ်ကြောင်း အဆိုပါဌာနက ပြောသည်။

တီမူးအာခရုစ်ဒုံးကျည်၏ တိကျစွာပစ်ခတ်နိုင်မှုစွမ်းရည်က ပါကစ္စတန်လေတပ်၏ ပုံမှန်စစ်ဘက်ရေးရာ ဟန့်တားမှု စွမ်းဆောင်ရည်နှင့်  စစ်ဆင်ရေးတွင်  လိုက်လျောညီထွေရှိမှုတို့ကို သိသိသာသာ တိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ပါကစ္စတန်နိုင်ငံ၏ အလုံးစုံသော ကာကွယ်ရေးစွမ်းဆောင်ရည်ကို ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း   သိရသည်။                       

ဆင်ဟွာ