၁၁ မတ်

ပါကစ္စတန်လေတပ် F-16 ဂျက်တိုက်လေယာဉ် တစ်စင်းသည် ပါကစ္စတန်စစ်ရေးပြချီတက်ပွဲနေ့မတိုင်မီ အစမ်းလေ့ကျင့်နေစဉ်အတွင်း အစ္စလာမ္မာဘတ်မြို့တော်တွင် ယနေ့ ပျက်ကျမှုဖြစ်ပွားခဲ့သည်ဟု ပါကစ္စတန်လေတပ် ပြောရေးဆိုခွင့်ရှိသူ အာမာ ရာဇာက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ထိုလေယာဉ်ပျက်ကျမှုသည် ယနေ့မနက် ၁၁ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

 

အဆိုပါလေယာဉ်ပျက်ကျရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များ အလျင်အမြန် သွားရောက်ခဲ့ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

 

လေကြောင်းဌာနချုပ်က ယင်းလေယာဉ်မတော်တဆမှု ဖြစ်ပွားရသည့်  အကြောင်းအရင်းကို  အဆုံးအဖြတ်ပေးရန် စုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့ကို အမိန့်ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

 

ထိုလေယာဉ်ပျက်ကျမှုတွင် ဒဏ်ရာရ၊ သေဆုံးသူ စာရင်းကို အတည်ပြုသည့် ကြေညာချက်များ ထုတ်ပြန်ခြင်းမရှိပေ။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို