ပါကစ္စတန်မှ အာဖဂန်နစ္စတန် တောင်ပိုင်းသို့  နေရပ်ပြန်လာသည့် အာဖဂန်ဒုက္ခသည် ၁၂၀၀၀ ကျော်ရှိ

ကဘူးလ်    အောက်တိုဘာ   ၂၂

ပြီးခဲ့သည့်လများအတွင်း  ပါကစ္စတန်မှ  အာဖဂန်နစ္စတန် တောင်ပိုင်းသို့ နေရပ်ပြန်သည့် ဒုက္ခသည် ပေါင်း ၁၂၀၀၀ ကျော်ရှိသည်ဟု အာဖဂန်နစ္စတန်တောင်ပိုင်း  ကန်ဒါဟာပြည်နယ်   ဒုက္ခသည်များ ပြန်လည်လက်ခံရေးဆိုင်ရာ  ဌာနအကြီးအကဲဖြစ်သူ မိုမင်အက်ဂ်ဟာက ပြောသည်။ ပျမ်းမျှအားဖြင့် အပတ်စဉ် လူပေါင်း ၄၀၀၀ ကျော်သည် ကန်ဒါဟာပြည်နယ်နှင့် ပါကစ္စတန်နိုင်ငံ ဘလိုချစ်စတန် ပြည်နယ်   နယ်စပ်ဂိတ်ကို    ဖြတ်ကျော်ကာ နေရပ်ပြန်လာသည်ဟု  အာဏာပိုင်များက ပြောကြားသည်။

ပါကစ္စတန်နိုင်ငံတွင်      အာဖဂန်ဒုက္ခသည်ပေါင်း ၂ ဒသမ ၅ သန်းကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ဆယ်စုနှစ် လေးစုကာလအတွင်း    နိုင်ငံခြားကျူးကျော်မှုများနှင့်   ပဋိပက္ခများကြောင့်    နေရပ်စွန့်ခွာထွက်ပြေးကြခြင်းဖြစ်သည်။       ပြီးခဲ့သည့်နှစ်များအတွင်း    အိမ်နီးချင်း ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့မှ  အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လာသည့် ဒုက္ခသည်ပေါင်း   နှစ်သိန်းကျော်ရှိသည်ဟု သိရသည်။

ဆင်ဟွာ