ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း၌ မိုးရွာသွန်းခြင်းနှင့် ဆက်စပ်သည့်ဖြစ်စဉ်များကြောင့် ၁၀ ဦး သေဆုံး         

အစ္စလာမ္မာဘတ်၊ ဧပြီ ၁

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာပါ့တွန်ခွာ ပြည်နယ်၌ လွန်ခဲ့သည့် နှစ်ရက်အတွင်း မိုးရွာသွန်းမှုနှင့် ဆက်စပ်သည့်ဖြစ်ရပ်များကြောင့် ၁၀ ဦး ထက်မနည်း သေဆုံးပြီး အခြား ၁၂ ဦးမှာ ဒဏ်ရာရရှိကြောင်း မတ် ၃၁ ရက်က  တရားဝင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူများထဲတွင် ကလေးရှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပါဝင်ပြီး အခြားကလေး ကိုးဦး၊ အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားတစ်ဦးမှာ ဒဏ်ရာရရှိကြောင်း ခိုင်ဘာပါ့ တွန်ခွာပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (ပီဒီအမ် အေ)က ပြောကြားသည်။

မတ် ၂၉ ရက်မှစကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ပြည်နယ်တစ်ဝန်း နေအိမ် ၂၇ လုံး ထက်မနည်း ပျက်စီးခဲ့ရကြောင်း ပီဒီအမ်အေက  ဆက်လက်ပြောကြားသည်။ အဆိုပါရေဘေး သင့်ဒေသများသို့ ကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်ခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ နေအိမ်ပျက်စီးခဲ့ရသည့် ပြည်သူများအတွက်လည်း အမိုးအကာများနှင့် လိုအပ်သည့်အကူအညီများကို ထောက်ပံ့ပေးခဲ့ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆင်ဟွာ