ပါကစ္စတန်နိုင်ငံမှအာဖဂန်ဒုက္ခသည် ၅၅၀၀ ကျော် နေရပ်ပြန်လာ

နိုဝင်ဘာ ၁၅

အာဖဂန်ဒုက္ခသည် ၅၅၀၀ ကျော်သည် အာဖဂန်နိုင်ငံသို့ နိုဝင်ဘာ ၁၃ ရက်က ပြန်လာကြောင်း အာဖဂန်နစ္စတန်နိုင်ငံ၏ ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေးရာဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက်က သတင်းထုတ်ပြန်‌ခဲ့သည်။

ပါကစ္စတန်နိုင်ငံမှ အာဖဂန်ဒုက္ခသည် ၅၆၄၀ ဦးသည် တော့ခ်ဟမ်နှင့် စပင်ဘိုဒါခ်နယ်စပ်ဂိတ်များမှတစ်ဆင့် အာဖဂန်နစ္စတန်နိုင်ငံသို့ နိုဝင်ဘာ ၁၃ ရက်ကပြန်ရောက်လာခဲ့သည်ဟု သိရသည်။ ထို့နောက် နေရပ်ပြန်ဒုက္ခသည်များအား လိုအပ်သောအကူအညီအထောက်အပံ့များပေးအပ်ခဲ့ကြောင်း ထပ်လောင်းဖော်ပြထားသည်။

အလားတူပင် အီရန်နိုင်ငံမှအာဖဂန်ဒုက္ခသည် ၃၀၀၀ ကျော် နေရပ်ပြန်လာကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

ပါကစ္စတန်နိုင်ငံတွင် အာဖဂန်ဒုက္ခသည် ၂ ဒသမ ၅ သန်း နေထိုင်လျက်ရှိပြီး အီရန်နိုင်ငံတွင်လည်း အာဖဂန်ဒုက္ခသည် ၂ ဒသမ ၅ သန်း နေထိုင်လျက်ရှိသည်ဟု သိရသည်။

လွန်ခဲ့သော နှစ်လအတွင်း နေရပ်ပြန် အာဖဂန်ဒုက္ခသည် ၄၀၀၀၀၀ ကျော် ရှိကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို