ဇန်နဝါရီ ၁၀

ပါကစ္စတန်နိုင်ငံတွင် ၂၀၂၆ ခုနှစ်၏ ပထမဆုံး ပိုလီယိုရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုတွင် ကလေး ၄၅ သန်းကျော်ကို ကာကွယ်ဆေးထိုးပေးမည်ဟု ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံမှုကို ဖေဖော်ဝါရီ ၂ ရက်မှ ၈ ရက်နေ့အထိ တစ်ပတ်ကြာ လှုပ်ရှားမှုကို နိုင်ငံတစ်ဝန်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးအဖွဲ့များက အသက်ငါးနှစ်အောက် ကလေးများကို ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမည်ဟု နိုင်ငံ၏ အရေးပေါ်လုပ်ငန်းလည်ပတ်ရေးဌာနက ပြောကြားခဲ့သည်။

ပိုလီယိုရောဂါကူးစက်မှုကို ရပ်တန့်ရန် နယ်စပ်ဖြတ်ကျော် ညှိနှိုင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါကစ္စတန်နှင့် အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံတို့တွင် တစ်ပြိုင်နက်တည်း ကျင်းပသွားမည်ဖြစ်ကြောင်း ထိုဌာနက ထပ်လောင်းပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်းတွင် တစ်အိမ်တက်ဆင်း ကာကွယ်ဆေးထိုးခြင်းနှင့် ဆက်စပ်လှုပ်ရှားမှုများကို ဝန်ထမ်း ၄၀၀၀၀၀ ကျော်ကလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပိုလီယိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသော တစ်သက်တာ မသန်စွမ်းမှုမှ ၎င်းတို့၏ကလေးများကို ကာကွယ်ရန် ကာကွယ်ဆေးထိုးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် အာဏာပိုင်များက မိဘများအား တိုက်တွန်းခဲ့ပြီး ပိုလီယိုကာကွယ်ဆေးထိုးခြင်းနှင့်အတူ ပုံမှန်ကလေးဘဝ ကာကွယ်ဆေးထိုးခြင်း၏ အရေးပါမှုကို အလေးထားပြောကြားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို