စက်တင်ဘာ ၅
ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် ယမန်နေ့က ရဟတ်ယာဉ်တစ်စင်းပျက်ကျမှုကြောင့် ပါကစ္စတန်ရေတပ်တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ကြောင်း ရေတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါရဟတ်ယာဉ်သည် ပုံမှန်လေ့ကျင့်ရေးလုပ်ဆောင်နေချိန်တွင် နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပွားခဲ့ပြီး ဂွဒါးခရိုင်တွင် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုယာဉ်ပေါ်ပါသူ သုံးဦးစလုံးသေဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းသုံးဦးတွင် အရာရှိနှစ်ဦးနှင့်တပ်သားတစ်ဦးတို့ပါဝင်ကြောင်း ထပ်လောင်းဖော်ပြထားသည်။
ရဟတ်ယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်နေပြီဟု သိရသည်။ ပါကစ္စတန်ဝန်ကြီးချုပ် အန်ဝါ ယူဟတ်ကကာက ထိုမတော်တဆဖြစ်မှုနှင့်ပတ်သက်ပြီး ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ကျန်ရစ်သူမိသားစုများအား ဝမ်းနည်းကြောင်း ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


