ပခုက္ကူ   ၂၂   မတ်        


ပခုက္ကူမြို့ အောင်သရဖူခန်းမတွင် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းက ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးများ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်မှု အခြေအနေ ရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။


ရှေးဦးစွာ ပခုက္ကူခရိုင် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က အဖွင့်အမှာစကား ပြောကြားပြီး ကလေးသူငယ် စောင့်ရှောက်ရေး အဖွဲ့မှ စီမံချက်အရာရှိ ဦးကျော်အေး၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်းမှ စီမံချက်တာဝန်ခံ ဒေါ်ဝင်းမာ၊ ပခုက္ကူမြို့နယ်စီမံချက်အရာရှိ ဒေါ်မို့မို့ခင်တို့က စီမံကိန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။


ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေး အာဟာရဖွံ့ဖြိုးရေး ရက်တစ်ထောင်လုပ်ငန်း စီမံချက်ကို ၂၀၁၆ ခုနှစ် ဇွန်လမှ ၂၀၁၉ ဧပြီလအထိ ပခုက္ကူ၊ မလှိုင်၊ ရေစကြိုမြို့နယ်များတွင် ကျေးရွာပေါင်း(၃၃၈)ရွာတွင် မိခင်နှင့်ကလေး (၁၁၅၈၈)ဦးကို ငွေကြေးထောက်ပံ့ခြင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းကို မြန်မာနိုင်ငံ သူနာပြုအသင်းမှ ဒေါ်ဝင်းမာ၏ ပြောကြားချက်အရ သိရသည်။ ငွေကြေးထောက်ပံ့ခြင်း လုပ်ငန်းကို ၂၀၁၆ ဇွန်မှ ၂၀၁၇ စက်တင်ဘာအထိ ၁၀ဝ၀ဝ ကျပ်နှင့် ၂၀၁၇ အောက်တိုဘာမှ ၂၀၁၉ ဧပြီအထိ လစဉ် (၁၅၀ဝ၀)ကျပ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။


ကိုတမာ