ပခုက္ကူ ၂၉ မတ်        


ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာခန်းမ(၁)တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေး ပင်စင် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။


ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပခုက္ကူမူလတန်းကြို ကျောင်းအုပ်ဆရာမကြီး ဒေါ်သီရိသိန်းမြင့်က လူမှုရေးပင်စင် ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ပခုက္ကူခရိုင်တွင် လူမှုရေးပင်စင်ရရှိသူ ၇၉၇၄ ဦးရှိပြီး ပခုက္ကူမြို့နယ်တွင် (၁၄၉၃) ရှိကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန ပခုက္ကူခရိုင်ရုံးမှ သိရသည်။


အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။


ကိုတမာ

1