ပခုက္ကူ   ၂၅  ဧပြီ

 

ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ် ၅ လုံးမီးလောင်ဆုံးရှုံးခဲ့ ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အမှတ်(၃)ရပ်ကွက် သီရိမာလာလမ်းနေ ဒေါ်ခင်စိန်၏ နေအိမ်အပေါ်ထပ်ရှိ ပန်ကာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကာ ဒေါ်ခင်စိန်၏ နေအိမ်အပါအဝင် လူနေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုနှင့်ပတ်သက်၍ ပခုက္ကူမြို့မရဲစခန်းက အရေးယူဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(ခရိုင် ပြန်/ဆက်)