ပခုက္ကူ ဧပြီ ၂၅

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားသုံးဦး၏ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုတို့အတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ထုတ်ပေးခြင်းကို ဧပြီ ၂၅ ရက် နံနက် ၁၀ နာရီခွဲက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ပထမဦးစွာ မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦးက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ထုတ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ကျောက်ခွက်ရေနံမြေမှ အာမခံအလုပ်သမား ဦးသိန်းလွင်၏ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိခြင်းအတွက် အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်း အကျိုးခံစားခွင့်ငွေကျပ် ၄၈၅၁၀၀ အား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦးကလည်းကောင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အရာတော်ရေနံမြေမှ အာမခံအလုပ်သမား ဦးကျော်ဆွေ၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၉၀၀၀၀၀ အား မြို့နယ်လူမှုဖူလုံရေးရုံးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ထွေးက လည်းကောင်း၊ Nong Hyup Microfinance (ရေစကြိုမြို့) မှ အာမခံအလုပ်သမား ဒေါ်မီမီထက်၏ လုပ်ငန်းခွင်ထိခိုက် ဒဏ်ရာရရှိခြင်းအတွက် ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်ငွေကျပ် ၂၄၄၉၉၉ ဒသမ ၈၆ အား မြို့နယ်လူမှုဖူလုံရေးရုံးဆေးခန်း တာဝန်ခံ ဒေါက်တာသူရကိုကိုက လည်းကောင်း အသီးသီးပေးအပ်ကြသည်။

 

ယင်းနောက် လူမှုဖူလုံရေးအကျိုးခံစားခွင့် ရရှိသူများကိုယ်စား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်း၊ သယ်ပို့စက်ပြင်ဌာန (အရာတော်ရေနံမြေ)မှ လက်ထောက်အင်ဂျင်နီယာ ဦးသန်းထိုက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)