ပခုက္ကူ ၂၆  မတ်        
    

အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို မတ် ၂၆ ရက်နံနက် ၉ နာရီခွဲက ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုအသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ခန်းမတွင်ကျင်းပသည်။
    

ရှေးဦးစွာ မြန်မာ့အာမခံလုပ်ငန်း၊ ပခုက္ကူခရိုင်ရုံးတာဝန်ခံ ဒေါ်ကြည်ကြည်မြက ဝန်ထမ်းအသက်အာမခံ (ကာလတို)အာမခံနှင့်ပတ်သက်သော မီးနှင့်အထွေထွေအာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံ၊ ခရီးသွားအာမခံနှင့် ရေကြောင်းပို့ကုန်ပစ္စည်းအာမခံအကြောင်းသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးသည်။
    

ထို့နောက် တက်ရောက်လာကြသည့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှုအသက်မွေးမှုလုပ်ငန်း ပညာသင်တန်းကျောင်းမှ ဝန်းထမ်းများက သိလိုသည်များမေးမြန်းရာ  ခရိုင်တာဝန်ခံဒေါ်ကြည်ကြည်မြက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
    

၂၀၁၈ခုနှစ်၊ ဧပြီလမှ ယနေ့အထိ တောင်သူလယ်သမားအသက်အာမခံ ၁၄ ဦးအတွက် ကျပ်(၁၁၂)သိန်း နှင့် ဒဏ်ရာရသူတစ်ဦးအတွက် ငွေကျပ် ၁၇၀ဝ၀ဝ၊ သူတစ်ပါးထိခိုက်မှု အာမခံသေဆုံး ၁၇ ဦးအတွက် ကျပ် ငွေကျပ် ၁၆၅၀ဝ၀ဝ၀၊ ဒဏ်ရာရသူ ၂ ဦးအတွက် ငွေကျပ် ၁၀၈၄၀ဝ၀ နှင့် အလုံးစုံတစ်ဦးအတွက် ငွေကျပ်(၁၄၇၈၂၃)တို့အား အာမခံလျော်ကြေးများထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။


ကိုဇော်(ဓာတု)