ပခုက္ကူ အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များထံ ကွင်းဆင်း၍ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ စနစ်တကျထားရှိရေး၊ မီးသတ်ဆေးဘူးများ စနစ်တကျ ကိုင်တွယ်အသုံးပြုတတ် စေရေး၊ ရေကန်နှင့်ရေစင်များကို ရေအပြည့် ဖြည့်တင်းထားရှိရေးတို့ကို အသိပညာပေးဟောပြောပြီး လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခဲ့ကြကြောင်း သိရသည်။
၃၄၀


