ပခုက္ကူ ၇ ဧပြီ

 

ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဧပြီ ၆ ရက် ည ၇ နာရီခန့်က လေပြင်းများတိုက်ခတ်မှုကြောင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

07042

 

ပခုက္ကူမြို့နယ်တွင်းရှိ ကမ္မမြို့၊ ဖောင်းကွဲ၊ ရေလာ၊ ရေမျက်အုပ်စုတွင်းရှိ ကျေးရွာများတွင် ရုတ်တရက် လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးများကြွကျေမှု၊ သစ်ပင်များလဲပြိုမှုများ ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၇၂ လုံး ပျက်စီးဆုံးရှုံးပြီး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၉၀ ကျော်ရှိကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်တွင် ထန်းတပင်ကျေးရွာမှ ဝါးကျွန်းတွင်းကျေးရွာသို့ သွယ်တန်းထားသည့် ၁၁ KV ဓာတ်အားလိုင်းမှ ဓာတ်တိုင် ၇ တိုင် ကျိုးပဲ့ပျက်စီးခဲ့ကြောင်း၊ အဆိုပါကျေးရွာများသို့ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

           

ကိုတမာ

 

070420