ပခုက္ကူ ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးတိုက်စားမှု ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် ကမ်းပြိုဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့်ဆန်ရိက္ခာဖိုးများပေး အပ်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

 

            ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးတိုက်စားမှုကြောင့် ဇွန်လနှင့်ဇူလိုင်လများအတွင်း ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရ သည့် ပခုက္ကူမြို့နယ်၊ မြင်းကျွန်းကျေးရွာအုပ်စု၊ အနောက်မြင်းကျွန်းကျေးရွာမှ အိမ်ထောင်စု ၁၂၆စု၊ လူဦးရေ ၄၂၂ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၁၂,၆၀၀,၀၀၀နှင့် ဆန်ရိက္ခာဖိုး ငွေကျပ် ၂,၁၁၀,၀၀၀ စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၄,၇၁၀,၀၀၀ အား  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နုနုဝင်းနှင့်ဝန်ထမ်းများက ကမ်းပြိုဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ဘာမီသာ(ပခုက္ကူ)