ပခုက္ကူ ၆ ဧပြီ
ဧရာအနောက်မြို့တော်၊ ပခုက္ကူမြို့တွင် ပထမအကြိမ်သဲသောင်ပြင် လမ်းလျှောက် သင်္ကြန်ကို ဧရာဝတီမြစ်အနီး၊ ရွှေချောင်းချောင်းတွင် ကျင်းပမည်ဖြစ်သည်။
ပခုက္ကူခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ ပူးပေါင်း၍ ၁၃၈၀-၁၃၈၁ ခုနှစ် မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ကို ယခင်နှစ်များနှင့်မတူ သဲသောင်ပြင်တွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး၊ G Latt ၊ ဇော်လတ်ထွဋ် ၊သီဟထက် ၊နေခြည် ၊မေအိမ်လင်းအပါအဝင် အဆိုတော်များစွာဖြင့်ဖျော်ဖြေသွားမည်ဖြစ်သည်။ ဧည့်သည်အဆိုတော်များသာမက မြို့ပေါ်ရပ်ကွက်များမှ ယိမ်းအဖွဲ့နှင့်သံချပ်အဖွဲ့များပါ လာရောက်ဖျော်ဖြေကြမည် ဖြစ်သည်။
အဆိုပါ သဲသောင်ပြင်လမ်းလျှောက်သင်္ကြန် ကျင်းပမည့်ဗဟိုမဏ္ဍပ်သို့ ယနေ့ နံနက် ၁၀ နာရီကမဟာသင်္ကြန်ပွဲတော်ကျင်းပရေး နာယကများနှင့်ဦးစီးကော်မတီများက မဏ္ဍပ်နှင့်ကွင်းပြင် ပြင်ဆင်ဆောင်ရွက်နေမှုများ ကိုကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။
ကိုဇော်(ဓာတု)



