ပလောက်  ၁၉ မတ်   

 
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မြို့ပေါ်ရပ်ကွက်တချို့တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ် ရေရရှိနိုင်ရန်အတွက် ရေတိုင်များ ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ယနေ့ နံနက်ပိုင်းက ရေတိုင်များကြိုတင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။


ပလောက်မြို့ မြို့ပေါ်ရပ်ကွက်တချို့တွင် လက်ရှိ အခြေအနေ၌ ရေအခက်အခဲ အနည်းငယ် ကြုံတွေ့နေရပြီး ဖြစ်၍ ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလ တစ်လျှောက် ရေပြတ်လပ်မှု မရှိစေရေးနှင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်ရေရရှိနိုင်ရန်အတွက် ပလောက်မြို့ မီးသတ်ဦးစီးဌာနမှ ပလောက်မြို့ရေတံခွန်မှတစ်ဆင့် ရေပိုက်သွယ်တန်းထားသောရေများကို ရေတိုင်များဖြင့် ကြိုတင် ဆောင်ရွက်ထားရှိ လျက်ရှိသည်။ 

 
အဆိုပါဆောင်ရွက်ရာတွင် ပလောက်မြို့မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရိန်စိုးနှင့် တပ်ဖွဲ့ဝင်များက ပလောက်မြို့ပုပ္ပါးရုံကုန်းတော် စေတီဘုရားအရှေ့နှင့် မီးသတ်ဦးစီးဌာန အရှေ့၌ ရေတိုင်များ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 
နိုင်ဦး(ပလောက် ပြန်/ဆက်)

 

1