စစ်ကိုင်း ၂၁ မတ်
ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ၏ (၇၉)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ် ၂၁ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ရာဇာမဏိစူဠာ ကောင်းမှုတော်ဘုရားကြီး ရင်ပြင်ပေါ်တွင် ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ဝေးရပ်နည်းအလှူရှင်များ တက်ရောက်ကာ သီလရှင်အပါး(၁၀ဝ၀)တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူပေးခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ သာဓုအနုမောဒနာ ခေါ်ဆိုခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


