ပန်းဂေါ်ဖီကြက်သားလုံး

နေပြည်တော် ၂၂ ဖေဖော်ဝါရီ

 

 

အသားလုံးထဲမှာ ပန်းဂေါ်ဖီပွင့်လေးတွေရဲ့ အောက်ခြေပိုင်းကိုပဲ နှစ်ထားတာကြောင့် အသားလုံး ပေါ်မှာ ပန်းဂေါ်ဖီ အပွင့်လေးတွေနဲ့ အမြင်ဆန်းလှပါတယ်။ အနံ့ထူးခြားစေဖို့အတွက် yuzu လိမ္မော်ခွံလေးခြစ်ထည့်ပြီး ဟင်းပွဲကို ပြင်ဆင် နိုင်ပါတယ်။

 

 

ပါဝင်ပစ္စည်းများ (၂ ဦးစာ)

 

ပန်းဂေါ်ဖီ တစ်ခြမ်း ( ၂၀ဝ ဂရမ်)

 

စဉ်းထားတဲ့ အသားအတွက် 

 

ကြက်သား (စဉ်းထားသည့်) ၂၀ဝ ဂရမ်

 

ဂျပန်ကြက်သွန်မိတ် ( နုတ်နုတ်စဉ်းထား) စားပွဲဇွန်း  ၃ ဇွန်း

 

ရေ  စားပွဲဇွန်း  ၁ ဇွန်း မှ ၂ ဇွန်း

 

ဆာကေး   စားပွဲဇွန်း ၁ ဇွန်း

 

အာလူးမှုန့်     စားပွဲဇွန်း တစ်ဝက်

 

ခြစ်ထားသည့် ဂျင်း စားပွဲဇွန်း တစ်ဝက်

 

ဆား စားပွဲဇွန်း လေးပုံတစ်ပုံ

 

Dashi စွပ်ပြုတ်ရည်  ၄၀ဝ မီလီလီတာ

 

( ရောစပ်ရန်)

 

ဆာကေး စားပွဲဇွန်း  ၃ ဇွန်း

 

Mirin  ဆန်အရက်  စားပွဲဇွန်း  ၁ဇွန်း

 

ဆား   စားပွဲဇွန်း  တစ်ဝက်

 

အာလူးမှုန့် ရေဖျော်ရန်

 

အာလူးမှုန့် စားပွဲဇွန်း  ၂ဇွန်း

 

 ရေ   စားပွဲဇွန်း   ၂ ဇွန်း 

 

Yuzu  လိမ္မော်သီး အခွံံ  (ပါးပါးလှီးပါ ) နှစ်သက်သလောက်  အသုံးပြုနိုင်ပါသည်။

 

 ပြုလုပ်ပုံ

 

၁။ ဇလုံတစ်ခုထဲမှာ စဉ်းထားတဲ့အသားအတွက် ထည့်ရမယ့် ပစ္စည်းတွေကို ထည့််ပြီး သမအောင် နယ်ပါ။ ထို့နောက် အပုံ ၈ ပုံ အညီအမျှခွဲပါ။

 

၂။ ဂေါ်ဖီပန်းကို အပွင့်ငယ် ၈ ခု ဖြတ်ပါ။ ပန်းပွင့်ရဲ့ ရိုးတံအပိုင်းကို အာလူးမှုန့်အရည်ဖျော်ထားတဲ့ မုန့်နှစ်ထဲ နှစ်ပါ။ ထို့နောက်  ကြိတ်ထားသည့်အသားများကို ပန်းပွင့်အပေါ်ပိုင်း ပေါ်ရုံအုပ်ပြီး အသားလုံးလေးများ လုံးပါ။

 

၃။အိုးတစ်လုံးထဲမှာ စွပ်ပြုတ်ရည်ကို မီးအသင့်အတင့်နဲ့ အပူပေးပါ။ ဆူပွက်စပြုလာသည့်အခါ ရောစပ်ရန် အမယ်တွေကို ထည့်ပါ။ ထို့နောက် အသားလုံးတွေကို ထည့်ပါ။ ဟင်းရည်ထဲ ထည့်သည့်အခါ  ပန်းပွင့်ဖက်ပိုင်း ကို အပေါ်ပိုင်းထားပြီး စီထည့်ပါ။  ဟင်းရည်ဆူလာသည့်အခါ မီးအပူချိန်ကို လျှော့ချပြီး  အမြှုပ်တွေကို ခပ် ထုတ်ပါ။ ထို့နောက် အဖုံးအုပ်ပြီး ဆူပွက်လာသည်အထိ  မိနစ် ၂၀ခန့် မီးအေးအေးဖြင့်တည်ပါ။ ပန်းပွင့်များ နူးညံ့ပျော့ပျောင်းလာသည့်အခါ  မီးဖိုပေါ်မှချပြီး  ပန်းဂေါ်ဖီကြက်သားလုံးတွေကို ပန်းကန်တစ်ချပ်ထဲ ဆယ် ထည့်ပါ။ အရည်များကို အိုးထဲတွင် ချန်ထားပါ။

 

၄။ ဟင်းရည်အိုးကို မီးအသင့်အတင့်နဲ့ ပြန်တည်ပါ။  ဟင်းရည်ဆူလာသည့်အခါ အာလူးမှုန့်ဖျော်ထားသည့် အရည်များကို ထည့်ပြီး ပျစ်လာသည်အထိ တည်ပါ။ ပါးပါးလှီးထားသည့် လိမ္မော်ခွံများကို ထည့်ပြီး အရည် ဆူပွက်လာအောင် ဆက်တည်ထားပါ။  ထို့နောက် မီးဖိုပေါ်မှချပြီး အသားလုံးတွေပေါ်မှာ လောင်းဆမ်းပေးပါ။

 

 

ကိုးကား- NHK