ပန်းဂေါ်ဖီနှင့် မုန်လာဥနီ သနပ်

ရှလာကာရည်နဲ့ မဆလာ ပေါင်းပြီး ထွက်လာတဲ့ အနံ့အရသာကြောင့် ထမင်းမြိန်စေမယ့် အရံဟင်းတစ်ခွက်ပါပဲ။

 

ပါဝင်ပစ္စည်းများ

 

ပန်းဂေါ်ဖီ တစ်ပွင့်  ( ၃၀ဝဂရမ်)

 

မုန်လာဥနီ တစ်လုံး  ( ၁၅၀ ဂရမ်)

 

ကရဝေးရွက်      ၁ ရွက်

 

ငရုတ်သီးခြောက်  ၁တောင့်

 

ရောစပ်ရန်

 

ဆန်ရှလာကာရည် ၂၀ဝ မီလိီလီတာ

 

ရေ                   ၆၀ မှ ၇၀ မီလီလီတာ

 

သကြား            စားပွဲဇွန်း ၃ ဇွန်း

 

ဆား               စားပွဲဇွန်း  ၁ ဇွန်း

 

မဆလာ          စားပွဲဇွန်း  ၁  ဇွန်း

 

ငရုတ်ကောင်းစေ့ စားပွဲဇွန်း တစ်ဝက်

 

ပြုလုပ်ပုံ

 

၁။ ပန်းဂေါ်ဖီကို အပွင့်ငယ်လေးတွေ ပိုင်းဖြတ်ပါ။ မုန်လာဥနီကိုလည်း အခွံခွာပြီး  ၇-၈ မီလီမီတာအထူ အဝိုင်းလေးတွေ လှီးပါ။ အဝိုင်းကြီးရင် ထက်ခြမ်းခြမ်းပါ။ နှစ်မျိုးစလုံးကို ရေနွေးဖျောပြီး ရေစစ်ထားပါ။

 

၂။ ဆန်ရှလာကာရည်၊ ရေ၊ သကြား နှင့် ဆားတို့ကို ကြွေရည်သုတ်အိုးတစ်လုံးထဲမှာ ရောစပ်ပြီး ဆူပွက်လာသည်အထိ တည်ပါ။ ထို့နောက် မီးပိတ်ပြီး မဆလာထည့်ပြီး မွှေပါ။

 

၃။အပူခံ ပန်းကန်ပြားတစ်ချပ်ထဲမှာ ရေနွေးဖျောထားတဲ့  ပန်းဂေါ်ဖီနှင့် မုန်လာဥနီတို့ကို ထည့်ပါ။ ကရဝေးရွက်၊ ငရုတ်သီးခြောက် နှင့် ငရုတ်ကောင်းစေ့တို့ကို ထည့်ပါ။ ထို့နောက် မဆလာနှင့် ရောစပ်အရည်တို့ကို အပေါ်ကနေ လောင်းထည့်ပြီး အအေးခံထားပါ။

ကိုးကား-NHK