ပင်လည်ဘူး ၁၆ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ သင်္ကြန်အတက်နေ့ မူးမြစ် နမ္မားချောင်းဆုံ သဲသောင်ပြင် မူးမြစ်သင်္ကြန်၌ သင်္ကြန်ချစ်သူများ လာရောက်အပန်းဖြေ ရေကစားကြသူများဖြင့် ယခင်ရက်များထက် ပိုမိုစည်ကားလျက်ရှိသည်။
သင်္ကြန်ချစ်သူ လာရောက်အပန်းဖြေရေကစား လာကြသူများအား စတုဒိသာ အချိုရည် မုန့်များ ကျွေးမွေးပြီး မူးမြစ် နမ္မားချောင်းဆုံ သင်္ကြန်၌ ရေကစားကြသူများ ပျော်ပျော်ရွှင်ရွှင် အေးချမ်းစွာ လာရောက်အပန်းဖြေ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။
မျိုးလွင် (ပင်လည်ဘူး)


