ပင်လည်ဘူး ၁၀ ဧပြီ   

 


စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင်  ပင်လည်ဘူးမြို့နယ်တွင် ဧပြီ  ၉ ရက် ညနေ ၅ နာရီခွဲက အချိန်အခါမဟုတ် မိုးများရွာသွန်းပြီး လေပြင်းတိုက်၍ လူနေအိမ် အမိုးများနှင့် မြို့နယ်စည်ပင်သာယာဈေး ဈေးဆိုင်ခန်းအမိုးများ အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

aa

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မိုးကောင်းရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာဈေး ဆိုင်းဘုတ်နှင့် ဈေးဆိုင်ခန်းအမိုးများမှ သွပ် ၁၈ ချပ်၊ တောဖျားကျေးရွာ၊ ပေကုန်းကျေးရွာ၊ ချီယားကုန်းကျေးရွာနှင့် ချောင်းပေါက်ကျေးရွာတို့တွင် နေအိမ်အမိုးသွပ်ပြားများ အမိုးလန် ပျက်စီးခဲ့သည်။

 


ဧပြီ ၈ ရက် ည ၈ နာရီတွင်လည်း အောင်းပင်ကျေးရွာ၊ ပင်လောင်ကျေးရွာတို့တွင် နေအိမ်အမိုးသွပ်ပြားများ အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့ပြီး မီးလောင်ကုန်းကျေးရွာတွင် လူနေအိမ်တစ်လုံး မိုးကြိုးပစ်ခတ်၍ ပျက်စီးဆုံးရှုံးခဲ့သည်။ အဆိုပါပျက်စီးဆုံးရှုံးခဲ့သော နေရာများသို့ မြို့နယ်တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မိုးရွာ လေပြင်းတိုက် မိုးကြိုးပစ်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 


မျိုးလွင်(ပင်လည်ဘူး)

 

ee