(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀) နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) "ဘာဘ်ဘယ်" (BULBUL)သည် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ အားလျော့သွားခဲ့ပြီး၊ အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
=======================================================
မိုးလေ၀သအခြေအနေ။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ အရှေ့(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၅-၂၀)မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင်မှ မိုင်(၄၀)။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။
လှိုင်းအမြင့်။ (၇)ပေမှ (၉)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
======================================================
မိုးလေ၀သအခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်အောက်။
ရေပြင်လေ။ တောင် (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၂၀- ၂၅)မိုင်၊ တစ်ခါတစ်ရံ (၄၅)မိုင်မှ မိုင်(၅၀)။
လှိုင်းအခြေအနေ။ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။
လှိုင်းအမြင့်။ (၁၀)ပေမှ (၁၃)ပေခန့်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


