၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၁၀:၃၀ နာရီထုတ်ပြန်ချက်
ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။
ထူးခြားသည့်အခြေအနေ အနေဖြင့် ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀) နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိနေသည်။ အဆိုပါ လေဖိအားနည်းဆဲလ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း မိုးလေ၀သခန့်မှန်းချက် အနေဖြင့် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။ အမြင်တာ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။ ရေပြင်လေသည် တောင် (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၅ - ၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ (၄) ပေမှ (၇) ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း မိုးလေ၀သခန့်မှန်းချက် အနေဖြင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ အမြင်တာ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။ ရေပြင်လေသည် အရှေ့ (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၅ - ၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ (၄)ပေမှ (၇)ပေခန့်ရှိနိုင်သည်။
Credit> မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


