နေပြည်တော် ၁ နိုဝင်ဘာ
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (ဝ၆:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ကမ္ဘောဒီးယားနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ် အားလျော့သွားခဲ့ပြီး၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ အရှေ့(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ (၆)ပေမှ (၉)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ မြောက်(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀- ၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀) ။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ (၄)ပေမှ (၆)ပေခန့်။
MDN


