ပွင့်ဖြူ ၂၂ ဧပြီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကုန်ပစ္စည်း အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်း၍ လိုက်နာရန် စည်းကမ်းချက်များအား အသိပညာပေး ဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရှောက်တောကျေးရွာရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး ဆွေးနွေးရာတွင် ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ပြည်သူများ အစားအသောက်နှင့် ပတ်သက်၍ ဘေးကင်းလုံခြုံမှု ရှိစေရန်အတွက် စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် ကုန်ပစ္စည်းအမျိုးအစားအလိုက် ပါရှိရမည့် ကုန်ပစ္စည်း အညွှန်းအမှတ် အသားများနှင့် စပ်လျဉ်း၍ လိုက်နာရန် စည်းကမ်းချက်များကို အသိပညာပေး ဆွေးနွေးခဲ့သည်။
ထို့နောက် ရှောက်တောကျေးရွာရှိ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာနိုင်ရေးအတွက် စားသောက်ကုန်ပစ္စည်း အညွှန်းအမှတ်အသားများနှင့် ပတ်သက်သည့် ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


