ပွင့်ဖြူ  ၂၀ ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧပြီ ၁၉ ရက်၊ ညနေ ၅ နာရီအချိန်ခန့်က ရုတ်တရက် လေပြင်းမုန်တိုင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး၊ အဆိုပါ လေပြင်းမုန်တိုင်း တိုက်ခတ်မှုအရှိန်ကြောင့် လူနေအိမ် ၆ လုံး အမိုးလန်ပျက်စီးမှုများ  ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

အဆိုပါ ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျစ်ကျေးရွာတွင်  လူနေအိမ် ၁ လုံး၊ ကန်ပြည့်ကျေးရွာအုပ်စု မကြီးရုံကျေးရွာတွင် လူနေအိမ် ၅ လုံး၊ စုစုပေါင်း လူနေအိမ် ၆ လုံး အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းမုန်တိုင်း တိုက်ခတ်မှုအရှိန်ကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရမှုမရှိကြောင်း သိရပြီး၊ လတ်တလောတွင် လူနေအိမ်ပျက်စီးမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးနေကြောင်းနှင့် နေအိမ်ပျက်စီးသည့် ဒေသခံပြည်သူများမှာ နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)

 

202