ပွင့်ဖြူ စက်တင်ဘာ ၈

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အမှတ်(၄၆) စက်မှုလယ်ယာစခန်းက ကြီးမှူးဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ‌မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါ မြို့နယ်စက်မှုလယ်ယာစခန်း၌ ကျင်းပသည်။

 

ဦးစွာ မင်းဘူးခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မင်းအောင်နှင့် ပွင့်ဖြူမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်တို့က အမှာစကားများ ပြောကြားသည်။ ထို့နောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ သင်တန်းတွင်လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် တာဝန်ရှိသူများက သင်တန်းအတွက် အသုံးပြုရန် အထောက်အကူပစ္စည်းများကို ပေးအပ်သည်။

 

အဆိုပါ သင်တန်းတွင် လယ်ယာသီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်စေရန်အတွက် တောင်သူအကျိုးပြု လယ်ယာသုံးစက် ကိရိယာများ ရေရှည်တည်တံ့ ကောင်းမွန်စေရန်၊ စနစ်တကျ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းနည်းပညာနှင့် စက်ကိရိယာများ ချို့ယွင်းပါက ပြုပြင်ဆောင်ရွက်ရမည့် နည်းစနစ်များ၊ လယ်ယာသုံးစက်ကိရိယာဖြင့် သီးနှံများ စိုက်ပျိုးရာတွင် လိုက်နာရမည့် အချက်များကို စက်တင်ဘာ ၈ ရက်မှ ၁၉ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)