၁၄ မတ်

ပြင်သစ်နိုင်ငံကို လာရောက်လည်ပတ်သူတွေနဲ့ ပြည့်နှက်လေ့ရှိတဲ့ အထင်ကရနေရာတွေကို သောကြာနေ့ကစပြီး ပိတ်လိုက်ကြောင်း သိရပါတယ်။ လုဖ်ပြတိုက်၊ ဗာဆိုင်းနန်းတော်နဲ့ အီဖယ်မျှော်စင်တွေကို လူ ၁၀၀ ထက်ပိုပြီး စုဝေးခွင့် မရှိရ တားမြစ်ထားတဲ့အတွက် နိုင်ငံရဲ့ အထင်ကရနေရာတွေကို ပိတ်လိုက်တာဖြစ်ပါတယ်။

 

ပြင်သစ်နိုင်ငံဟာ ကမ္ဘာမှာ ခရီးသွားအများအပြား လာရောက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ ယဉ်ကျေးမှု(ကဏ္ဍ) ကို ထိခိုက်မှု အများဆုံး ခံရတယ်လို့ ဆိုပါတယ်။

 

ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကြောင့် ကျောင်းတွေပိတ်ထားသလို လူအမြောက်အများ စုဝေးမှုတွေကို တားမြစ်ထားပါတယ်။

 

လုဖ်ပြတိုက် နဲ့ အီဖယ်မျှော်စင်တွေကို ကြေညာချက်တစ်စုံတစ်ရာ မထုတ်မခြင်း ပိတ်ထားမှဖြစ်သလို ဗာဆိုင်းနန်းတော်တံခါးတွေကို ပိတ်ထားမှာလို့ပြောပါတယ်။

 

လူစည်းကားရာ တခြားသော ပြတိုက်များ၊ စာကြည့်တိုက်များ၊ ကဇာတ်ရုံများ၊ ရုပ်ရှင်များပါမကျန် ပိတ်ထားမယ်လို့ သိရပါတယ်။

 

ပြင်သစ်နိုင်ငံမှာ ကိုဗစ်-19ဗိုင်းရပ်စ်ကူးစက်ခံရသူ မတ် ၁၄ ရက်ထုတ်ပြန်ချက်အရ ၃၆၆၁ ဦးနဲ့ သေဆုံးသူ ၆၇ ဦးရှိပြီလို့ သိရပါတယ်။

MDN

ကိုးကား- AFP