၂၄ မတ်

 

ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးရန် အပြင်မထွက်ရ အမိန့်ဖြင့် တင်းကျပ်မှုပြုလုပ်ခဲ့သည်။

 

ပြင်သစ်အစိုးရသည် ပြီးခဲ့သည့် အင်္ဂါနေ့က စတင်ကာ နေအိမ်တွင် နေထိုင်ကြရန်၊ အစားအစာဝယ်ယူခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စသည့် မရှိမဖြစ်လိုအပ်သော လုပ်ဆောင်မှုများအတွက်သာလျှင် အပြင်သို့ထွက်ခွာကြရန် နိုင်ငံသားများအား တိုက်တွန်းခဲ့သည်။

 

လိုက်နာမှုမရှိသူများသည် ယူရို ၁၃၅ သို့မဟုတ် ၁၄၄ ဒေါ်လာ ဒဏ်ငွေချမှတ်ခြင်း ခံရမည် ဖြစ်သည်။

 

တနင်္လာနေ့က ပြင်သစ်ဝန်ကြီးချုပ် Edouard Philippe က ယင်းသို့အပြင်မထွက်ခွင့် အမိန့်သည် မတ်လ ၃၁ ရက်နေ့တွင် အဆုံးသတ်မည်ဟု ယူဆရပြီး နောက်ထပ် ရက်သတ္တပတ်များစွာလည်း ဖြစ်နိုင်သည်ဟု  ရုပ်မြင်သံကြားကနေ ပြောကြားခဲ့သည်။

 

အင်္ဂါနေ့မှစတင်ပြီး အပြင်မထွက်ရ အမိန့်ကို တင်းကျပ်ကာ နိုင်ငံသားများအား နေအိမ်မှ တစ်ကီလိုမီတာ အကွာအတွင်း တစ်နေ့လျှင် တစ်နာရီသာ လေ့ကျင့်ခန်းပြုလုပ်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။  လဟာပြင်ဈေးလည်း ပိတ်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

ထိုရောဂါကူးစက်မှုသည် ပြင်သစ်နိုင်ငံတစ်ဝန်း ပျံ့နှံ့နေသည်။ ယမန်နေ့ကအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက် ၂၀ဝ၀ဝ နီးပါးရှိပြီး သေဆုံးသူ ၈၆၀ ဦး ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို