၅ ဒီဇင်ဘာ
ပြင်သစ်သမ္မတ မက်ခရွန်က ပင်စင်ယူမယ့်အသက်ကို ၆၀ ကနေ ၆၂ နှစ်အထိ တိုးမြှင့်ရန် ပြင်ဆင်နေတဲ့ အတွက် နိုင်ငံအတွင်းရှိသန်းချီတဲ့ လုပ်သားတွေက ဒီကနေ့ အထွေထွေသပိတ်မှောက်ကြပါတယ်။ သယ်ယူပို့ဆောင်ရေး လုပ်သားတွေ၊ ဆရာဆရာမတွေနဲ့ တခြားလုပ်ငန်းတွေက လုပ်သားတွေပါဝင်ကြတဲ့အတွက် နိုင်ငံမှာ ကသောင်းကနင်း တွေဖြစ်နေပါတယ်။
ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်မှာ ပြေးဆွဲနေတဲ့ မြေအောက်ရထားလိုင်း ၁၆ လိုင်းမှာ ၁၁ လိုင်းက သပိတ်မှောက်ပြီး ရထားလိုင်း နှစ်လိုင်းကသာ ပုံမှန်ပြေးဆွဲပေးနေပါပါတယ်။ ပြင်သစ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပြေးဆွဲနေတဲ့ Eurostar နဲ့ Thalys ရထားလိုင်းတွေကလည်း ပုံမှန်မပြေးဆွဲတာမျိုး ဖြစ်နိုင်ပါတယ်။
လေကြောင်းပြ ဝန်ထမ်းတွေကလည်း အထွေထွေသပိတ်မှာ ပါဝင်တဲ့အတွက် ပြည်တွင်းပြေးဆွဲနေတဲ့ ဗြိတိန်အလံပါ EasyJet ရဲ့ ခရီးစဉ် ၂၂၃ ကြောင်း၊ ပြင်သစ်အလံပါတဲ့ Air France လေကြောင်းလိုင်းရဲ့ ပြည်တွင်းခရီးစဉ် ၃၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ ခရီးတိုခရီးစဉ် ၁၅ ရာခိုင်နှုန်းဟာလည်း ဖျက်သိမ်းထားကြောင်း သိရပါတယ်။
နိုင်ငံတစ်ဝန်းက ကျောင်းဆရာ၊ ဆရာမ ၅၅ ရာခိုင်နှုန်းကလည်း သပိတ်မှာ ပါဝင်ပြီး ပဲရစ်မြို့မှာရှိတဲ့ ကျောင်းဆရာဆရာမ ၇၈ ရာခိုင်နှုန်း နဲ့ ၃၀ ရာခိုင်နှုန်းသော ကျောင်းများသာ ဖွင့်နိုင်မယ်လို့ ပညာရေးဝန်ကြီးက မနေ့က ရှင်းပြပါတယ်။
ပြည်ထဲရေးဝန်ကြီးက နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြပွဲပေါင်း ၂၅၀ လောက် ဖြစ်နိုင်ကြောင်း ဒါပေမယ့် အစွန်းရောက်တဲ့ ဆန္ဒပြသူတွေကတော့ ဒုက္ခရောက်နိုင်တယ်လို့ မနေ့က ပြောကြားပါတယ်။
ပဲရစ်မြို့ရဲ့ ရဲမှူးက ရဲတပ်သား ၆၀ဝ၀ လောက်ကို ပဲရစ်တစ်မြို့လုံးအတွက် တာဝန်ချထားမှာဖြစ်ပြီး မော်တော်ဆိုင်ကယ် အစီး ၁၈၀ လောက်လည်း အသင့်အနေထားမှာ ရှိတယ်လို့ ပြောပါတယ်။
ချမ်းသာတဲ့ OECD နိုင်ငံတွေထဲမှာ ပြင်သစ်နိုင်ငံရဲ့ ပြောင်းလဲမယ့် ပင်စင်သက်ဟာ အနည်းဆုံး ဖြစ်ပါတယ်။ ဥပမာ ဗြိတိန်နိုင်ငံရဲ့ ပင်စင်သက်ဟာ ၆၅ နှစ်ဖြစ်ပါတယ်။
MDN
ကိုးကား - AFP


