၆ မတ်

ပြင်သစ်နိုင်ငံတွင် လွှတ်တော်အမတ်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသဖြင့် ဆေးရုံတင်ထားရသည်ဟု ပြင်သစ် အမျိုးသားလွှတ်တော် က ဆိုသည်။

 

ပါလီမန် လွှတ်တော်အမတ်တစ်ဦးနှင့် အောက်လွှတ်တော် ဝန်ထမ်းတစ်ဦးတို့သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသည်ဟု ယမန်နေ့က ထုတ်ပြန်ချက်တစ်ခုတွင် အောက်လွှတ်တော်ဥက္ကဋ္ဌ ရစ်ချတ်ဒ် ဖာရန်က ပြောကြားခဲ့သည်။

 

ထိုလွှတ်တော်အမတ်တစ်ဦးသည် အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေသည်ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

 

ပြင်သစ်လွှတ်တော်အမတ်တစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ယူဆရသည်။

 

ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ခုနစ်ဦးသေဆုံးခဲ့ပြီး ၄၂၃ ဦးထက်မနည်း ဖျားနာခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို